Tuesday, December 27, 2016

ရခိုင်ကဗျာ

”အချမ်းမအီး ရင်တွင်းမီး”

💥သမိုင်းအဆက်ဆက်
အဖိုးအဖီးရို့သွီးနန့် တည်ဆောက်
ဗုဒ္ဓရိပ်အောက်မာ 
သာသနာရောင်ထွန်း
ရွှီရောင် လွှမ်းခရေ ...နိုင်ငံ...။

💥ကံကြမ္မာဆိုးပျက် ဝါးမျက်ဖျက်သို့
ငသံဒွေအမိုက် လူတသိုက်ရို့
အသားလောက်ကောင် အသိခေါင်၍
ကျူးကျော်သူရို့ လက်အောက်
ပြိုပျောက်ထီးနန်း  မီးလောင်တိုက်ထဲ
ပြာကျုရွှင့်မျော  ဘဝဆိုးခ
ဒေဆောင်းလ....။

💥သက်ကြီးရွယ်အို၊အပျိုမိမ
တွိသမျှကို...
မထောက်မစာ မညှာတာဘဲ
ဓါးစမ်းသတ်ဖြတ် ရက်စက်ကတ်ကာ
သီးချောင်ပင်လယ် သမုဒ်ပြင်သို့
စီးကျဒုက္ခ မြင်မလှခ 
ဒေဆောင်းလ...။

💥ကျူးပင်ခွတ်က  ကျူငုတ်မချန်
ကျွီးကြော်မာန်ဖြင့် အောင်လံထူစိုက်
ထင်တိုင်းမိုက်၍ ရက်စက်တတ်စွာ
ဆိုးကမ္ဘာထဲ မျက်ရည်ဝဲပျာ
ကယ်လူကင်းခ.... ဒေဆောင်းလ..။

💥တင်းဝပန်းခိုင် အလောင်းပြိုင်၍
မဏ္ဍိုင်ယိုင်လဲ ကျွန်ဘဝထဲ
သဇင်တန်ကျိုး ဘဝဆိုး၍
နစ်လီဆက်ဆက် ဒုက္ခနက်ကေ
ဆောင်းလအချမ်း ရာသီကြမ်းလေ့
မချမ်းမအီး  ရင်တွင်းမီးက
အဆတရာ ပူလောင်ပြင်းရ
ဒေဆောင်းလ.....။

သစ္စာခိုင်http://q-arakansar.blogspot.com 😎😎😎

No comments:

Post a Comment