Tuesday, December 27, 2016

ရခိုင် ကဗျာ

”အဝီးက လွမ်းယင်း”

💥ရိုးမတောင်ညို  စိမ်းလန်းစို၍
နုပျိုသစ်ပင် ပွင့်သစ်ဆင်ကေ
အမြင်ဆန်းလှ သဘာဝကို
တမ်းတခါခါ အိမ်းလွမ်းနာနန့်
ပြန်လာချင်လေ့ ပြန်ချင်ဆန္ဒ
မျိုပျာချယင့် ပြန်ခွင့်မရ
အဝီးက လွမ်းယင်း.......။

💥ပင်လယ်ပြာပြာ အုန်းတန်းသာ၍
သန္တာကျောက်တန်း စီရီဝိုင်းပျာ
သဘာဝစုံ အနိဋ္ဌာရုံကို
ဖယ်ခွာမညီး အမြင်ဝီးရ
မနီးဒုက္ခ အဝီးကလွမ်းယင်း......။

💥အဂုချိန်ဆို....
ဆောင်းနှင်းဝီ၍ သဇင်စီရီ
ဖူးဖွင့်လီကေ ချစ်နှမချေ
ကေသာဆံထက် သဇင်တခက်
ပန်ဆင်ပီးချင်လေ့ မြင်ကွာခရီး
အဝီးက လွမ်းယင်း....။

💥အိမ်ဝီးငှက်ရို့၏ အိမ်ပြန်လမ်း
ပြောင့်တန်းသာယာ ဘေးကင်းကွာ၍
ရိုးတောင်ခြီအောက် ပြန်ဆုံရောက်ဖို့
မပျောက်အင်အား မျှော်လင့်ချက်ထားလို့
သောကကိုဖျောက် အားတင်းပျာလျှောက်ယင်း...
ဆောင်းဒါဏ်အချမ်း ရာသီကြမ်းမာ
လွမ်းစိတ်ကြောင့် မျက်ရည်စို
အဂုဆို...
လာလမ်းသို့ မျှော်လို့
ချစ်နှမချေတယောက်
လိမ်းစိတ်ပိုလို့ ငိုနီလီဖို့လား
စိတ်ကူအတွေး မျက်ဝန်းထဲမာ
မှန်းဆတမ်းတယင်းနန့်
မြင်ကွာခရီး၊ အဝီးက လွမ်းယင်း....။

သစ္စာခိုင်

No comments:

Post a Comment