ရခိုင် ကဗျာ
ရခိုင် ညွန့်ဖူး မြောက်ဦး အလှ
ညှို့ဝင် ဖမ်းစား
လွမ်းမော မပြေ
အသည်း ချင်းဆက်နွယ်၏…
ပြာပြာ သွေ့သွေ့
ရင့်ရော် မှည့်သော
ရင့်ကျက် နှလုံးသား
ပုံရိပ် ဆောင်ပျိုး
ကျောက်ဆစ် ပုထိုး
အမျိုးမျိုး စေတီ
ဖူးချီ မျော်မှန်း
အံ့မခမ်း လက်ရာ
ဗိသုကာ မွန်ဖြင့်
ခန့်ငြား ထေဝါ၏…။
မြို့ရိုး ပတ်လည်
ချောင်းငယ်၊ မြောင်းငယ်
တောင်စွယ် တောင်းတန်း
ကာရံ ဝန်းလျှက်
ရှုမငြိမ်း သော
သဘာ ဝအလှ
ချိုမြ လွင့်ပျံ
ကျေးငှက် သံလေးဖြင့် သာယာ ၏……။့
ညိုရီ အုန်ဆိုင်း
ချိန်တိုင်း သစ်လွင်
ဝဠာ တစ်ခွင်၌
သီလ စိုက်ထူ
ဆွေးမြူ သွေးပျို
လွမ်းရင် ဖိုရသည့် ရတနာမြေ……။
ဧပြီလ 7, 2014 တွင် 5:38pm အချိန် ဒွါရာဝတီ-အရှင်နန္ဒိယ(အာရီယန်နွယ်) မှ ရခိုင်စာပေ ကဏ္ဍတွင် တင်ပြခဲ့ပါတယ်
No comments:
Post a Comment