Saturday, December 31, 2016
Wednesday, December 28, 2016
ရခိုင်နိုင်ငံကျဆုံးရခြင်းနှင့် ဗမာနယ်ချဲ့တို့၏ရက်စက်ယုတ်မာမှု
ရခိုင်နိုင်ငံကျဆုံးရခြင်းနှင့် ဗမာနယ်ချဲ့တို့၏ရက်စက်ယုတ်မာမှု
-----------------------------------------------------------------
ရခိုင်လူမျိုးများသည်ဘီစီ ၆၀၀၀) မတိုင်မီက စ၍ ရခိုင်ပြည်တွင် အခြေချနေထိုင်လာကြသည်။ ဘီစီ၃၀၀၀ ကျော်တွင် မြို့ပြနိုင်ငံ” ထူထောင်ပြီး ပဒေသရာဇ်စနစ် တိုးတက်ထွန်းကားလာခဲ့သည်။
ရခိုင်နိုင်ငံတော်တွင် ရခိုင်လူမျိုးတို့သည် ဓည၀တီ၊ ဝေသာလီ၊ လေးမြို့ ၊မြောက်ဦး စသောခေတ် လေးပိုင်းခြားကာ နေထိုင်လာခဲ့ကြသည်။ မြောက်ဦးခေတ်တွင် တိုးတက်မှု အထဋ်အထိပ်သို့ ရောက်ခဲ့သည်။ ရခိုင့်နိုင်ငံတော်သည် ကမ္ဘာ့အလယ်တွင် သီးခြားလွတ်လပ်စွာ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးသော၊ အမှီအခိုကင်းသော အချုပ်အခြာအာဏာပိုင်ဆိုင်သော နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။ မြောက်ဦးခေတ်တွင် ရခိုင်နိုင်ငံတော်၌ ယဉ်ကျေးမှု အဆင့်အတန်း အထူးမြင့်မား တိုးတက်လာနေပြီဖြစ်သည်။ ထိုအချိန်၌ အေဒီ ၁၆၃၈ ခုနှစ်တွင် နန်းတက်သော နရပတိကြီးကုသလမင်းမှ အေဒီ ၁၇၈၂ တွင် နန်းတက်သော မဟာသမ္မတမင်းအထိ တိုင်းပြည်ကိုအုပ်ချုပ်ကြသော မြောက်ဦးခေတ်နှောင်း ဘုရင်များလက်ထက်တွင် အရည်အချင်းရှိသော ဘုရင်များလက်ထက်၌ တိုင်းပြည်တွင်း စည်းလုံးညီညွတ်ရေး၊ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံခြားရေး စသည်များတွင် တိုးတက်မှု ရှိခဲ့သည်။ အရည်အချင်းနည်းသော ဘုရင်များလက်ထက်တွင် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိဘဲ တိုးတက်မှု နှေးကွေးလျှက်ရှိနေသည်။ ဤဖြစ်ရပ်များ သည်ရခိုင်ပြည်၏ ပြည်တွင်းရေး သက်သက်သာ ဖြစ်သည်။
မဟာသမ္မတမင်း ၁၇၈၂ မှ ၁၇၈၄
---------------------------
ရခိုင်သက္ကရာဇ် ၁၁၄၆ အေဒီ ၁၇၈၂ ခုနှစ်တွင် နန်းတက်သော မဟာသမ္မတမင်း နန်းမတက်မီကပင် ရခိုင်ပြည်၏ နန်းတွင်းရေးမှာ မငြိမ်သက်မှုများရှိနေပြီး အမျိုးသားစည်းလုံး ညီညွတ်ရေးမှာလဲ ပြိုကွဲလျှက် ရှိနေသည်။ အမျိုးသားစည်းလုံးညီညွတ်မှု မရှိလျှင် နိုင်ငံလွတ်လပ်ရေး ဆုံးရှုံးနိုင်သည်ဖြစ်၍ မဟာသမ္မတမင်းသည် တိုင်းပြည် စည်းလုံးညီညွတ်ရေးကို နည်းလမ်းမျိုးစုံဖြင့်
အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သည်။ အိမ်ရှေ့ မင်းညီတော် ချစ်လှရွှေကို ဦးဆောင်စေပြီး နိုင်ငံ
အနှံ့အပြားသို့စေလွှတ်ပြီး ပြန်လည်စည်းလုံးတော် မူစေသည်။ ကိုယ်တော်တိုင် ရခိုင်နိုင်ငံတော်၏ မြို့တော်မြောက်ဦးကိုလည်း နွံ့ကျုံး ၊ရေကျုံး၊ ကျုံးခြောက်၊ ကျုံးပင်လယ်၊ တံခါးကြီး၊ တံခါးငယ်၊ တံခါးကောက်၊ တံခါးကွေ့ ၊မလွယ်ပေါက်၊ ပြအိုး၊ ပစ္စင်၊ ရင်တား တို့ကို ခိုင်ခန့်စွာ ဆောက်လုပ်ပြုပြင်သည်။ မဟာသမ္မတမင်းသည် ရှေးရခိုင်မင်းများကဲ့သို့ အာဏာကို တဦးတယေက်တည်း မကျင့်သုံးဘဲ အုပ်ချုပ်ရေး ၊တရားစီရင်ရေး ၊ဥပဒေပြုရေး အာဏာများကို မှုးမတ်ပညာရှိများနှင့် တိုင်ပင်ကျင့် သုံးတော်မှု၍ နိုင်ငံတော်အုပ်ျုပ်ရေးကို ပြုပြင်ပြောင်းလဲစေည်။ ညီလာခံတွင် ပါလီမန်ဒီမိုကရေစီ အသွင်ဆောင်သော ညီလာခံ
သဘင်ကိုကျင်းပပြီး မင်း၊ မှုးမတ် အချင်းချင်း တိုင်ပင်ညှိနှိုင်းလျှက် တိုင်းပြည်ရေးရာများကို ဆုံးဖြတ်ကြလေသည်။ ရခိုင်နိုင်ငံတော်တွင် မဟာသမ္မတမင်းလက်ထက်၌ အာရှတိုက်၏ ဒီမိုကရေစီ ရောင်ခြည်မှာ ယှက်သန်းစပြုနေပြီဟုဆိုနိုင်သည်။
သံဒေ ဖောက်ပြန်ရခိုင်ကျွန်
-------------------
ဦးသံဒေသည် မင်းပြားနယ် ငစင်းရိုင်းချောင်း ကျွန်းသားတစ်ယောက်ဖြစ်သည်။ ၄င်းသည်
မဟာသမ္မတမင်းမတိုင်မီ မေတ္တရာဇ်မင်း ၁၇၃၂ ၁၇၄၂) လက်ထက်တွင် ဓါးပိုင်ကြီးအဖြစ် အမှုထမ်းခဲ့သည်။ ၄င်းသည် မိမိဌာနေ ငစင်ရိုင်းချောင်းကျွန်းကို အခြေပြုလျှက် မေတ္တရာဇ်မင်းကို ပုန်ကန်ခြားနားခဲ့သည်။ မဟာသမ္မတမင်း နန်းတက်သောအခါတွင်လည်း ပုန်ကန်ခြားနားပြန်သည်။ မကြာသောအချိန်တွင် မဟာသမ္မတမင်းထံ သစ္စာခံလေသောကြောင့် သံဒေအား ကုလားတန်မြစ်ဝှမ်းစား
အရာကိုပေးပြီး သူကောင်းပြုခဲ့လေသည်။ သံဒေသည် ကုလားတန်မြစ်ဝှမ်းမှ ကောက်ခံရရှိသော အခွန်ဘဏ္ဍာတို့ကို သိမ်းယူပြီး မကြာမီပင် မဟာသမ္မတမင်းအား ဆက်လက်ပုန်ကန် ပြန်သည်။ သံဒေသည် မဟာသမ္မတမင်း မတိုင်မီတွင် လည်းကောင်း မဟာသမ္မတမင်း လက်ထက်တွင် လည်းကောင်း
အကြိမ်ကြိမ် ပုန်ကန်ခြားနားခဲ့သော်လည်း မဟာသမ္မတမင်းသည် ထိုကဲ့သို့ ရာဇ၀င်လူဆိုးအား
သူကောင်းပြုခဲ့ခြင်းမှာ မဟာသမ္မတမင်း လက်ထက် အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးကိုသော်၎င်း။ မဟာသမ္မတမင်း၏ စိတ်ရင်းစေတနာကိုသော်၎င်း မှန်းဆသိသာနိုင်သည်။ သို့ရာတွင် ထို့ကဲ့သို့ သစ္စာဖောက်တစ်ယောက်အား ဆက်လက်သူကောင်းပြုခဲ့ခြင်းသည် ဘုရင်နှင့်မှူးမတ် ပညာရှိတို့၏ ပျော့ကွက် ၊ဟာကွက်တစ်ခုပင်ဖြစ်လေသည်။
သံဒေတို့အုပ်စုသည် မဟာသမ္မတမင်းကို ခြားနားပုန်ကန်နေသော်လည်း ထိရောက်မှုမရှိပေ။
ထို့ကြောင့် သံဒေ၊မောင်ထွန်းစံတို့သည် ဗမာပြည် နယ်ချဲ့ပဒေသရာဇ် မောင်ဝိုင်းထံသွားရောက်ပြီး
ရခိုင်ပြည်ကို စစ်ချိသိမ်းပိုက်၍ ရခိုင်ဘုရင်တပါးတင်ပေးရန် ပင့်ခေါ်လျှောက်ထားကြလေသည်။ မဟာသမ္မတမင်း လက်ထက်တွင် မိသားစုပြသနာကို မိသားစုနည်းဖြင့် ဖြေရှင်းရန်အတွက် နန်းတော်ညီလာခံ၌ ဒီမိုကရေစီအခွင့် အရေးအပြည့် ပေးထားပြီးဖြစ်သော်လည်း သံဒေတို့လူစုသည် နယ်ချဲ့လူမျိုးခြားတို့နှင့် ပူးပေါင်းကာ ရခိုင်နိုင်ငံနှင့် ရခိုင်လူမျိုးတို့အား ကျွန်လူဘောင်ဘ၀သို့
ပို့ဆောင်ခဲ့ခြင်းဖြစ်လေသည်။ ဗမာဘုရင်မောင်ဝိုင်းသည် ထိုအချိန်က အင်္ဂလိပ်၊ပြင်သစ် ၊စပိန်စသော နယ်ချဲ့ များကိုအားကျကာ ရခိုင်ပြည်ကို နယ်ချဲ့လိုသဖြင့် အမျိုးသားသစ္စာဖောက်ငသံဒေတို့အား ဆုလာဘ်များစွာပေးပြီး ကြိုဆိုလေသည်။ ရခိုင်ပြည်ကို တိုက်ခိုက်သိမ်းယူရန် အစီအစဉ်များကိုလည်း စီစဉ်လေသည်။
ရခိုင်ဘုရင်မေတ္တာရာဇ်မင်း ၁၇၃၇ - ၁၇၄၂ လက်ထက်တွင် အင်းဝမှ ဦးစံဦး၊ ဦးရွှေကျော် ၊ ဥိးပုညို တို့ ဦးဆောင်သော ဗမာလူမျိုးတစ်ထောင်တို့ ရခိုင်နိုင်ငံသို့ ထွက်ပြေးခိုလှုံလာကြသည် ဦးစံဦးတို့က အင်းဝကို တိုက်ခိုက်သိမ်းပိုက်လျှင် အလွယ်တကူ ရနိုင်ကြောင်း ရခိုင်ဘုရင်ကို တင်လျှောက်ကြသည်။ ရခိုင်ဘုရင်မှာ တိုက်ခိုက်သိမ်းပိုက်လိုသော်လည်း ရခိုင်ပညာရှိ အမတ်ကြီးများက အကျိုးအကြောင်းဆီလျော်စွာ လျှောက်ထားကြပြီး သူတပါးတိုင်းပြည်ရေးကို ၀င်မစွပ်ဖက်သင့်ကြောင်းလျှောက်ထားသောကြောင့် အင်းဝသို့တိုက်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြသည်။ ခိုလှုံလာကြသော ဦးစံဦးတို့ဦးဆောင်သော လူတထောင်ကို ကောင်းမွန်စွာနေရာချထားပေးလေသည်။ ဦးစံဦး ၊ ဦးရွှေကျော်
ဦးပုညိုတို့ကိုလည်း နယ်စားရွာစား အဖြစ်ပေးထားလေသည်။ ရခိုင်ပညာရှိများ ဗမာများ အပါ် သဘောထားမှန်ကန်ကြောင်း ပြသသော သာဓက တစ်ခုပင်ဖြစ်သည် ။
ရခိုင်ဘုရင်နရအဘယရာဇာ ၁၇၄၂ - ၁၇၆၁ လက်ထက်တွင်အင်းဝမှ မင်းကြီးနန္ဒကျော်ထင်နှင့်
၎င်း၏ညီအပါအ၀င် အမတ်သုံးယောက်နှင့် နောက်ပါလူ ၂၀၀ ရခိုင်ပြည်သို့ ခိုလှုံလာကြသည်။ ရခိုင်ဘုရင်မှ ကောင်းမွန်စွာစောင့်ရှောက်ထားလေသည်။ဗမာပြည်တွင်းရေးတွင် ၀င်ရောက်စွက်ဖက်ရန် မကြံရွယ်ခဲ့ပေ သည်အထောက်အထားများသည် ရခိုင်သမိုင်းတွင်ရှိသကဲ့သို့ ဗမာသမိုင်းတွင်လည်း ရှိမည်ဖြစ်သည်။ မင်းကြီးနန္ဒာကျော်ထင်၏သမီး မိပန်းရံသည် ရခိုင်နန်းတွင်းတွင် စာဆိုပညာရှိ အမတ်တစ်ယောက်အဖြစ်ထင်ရှားခဲ့သည်။
ဗမာဘုရင်မောင်ဝိုင်းသည်ကား ရခိုင်ဘုရင် ရခိုင်ပညာရှိများ သဘောထားသကဲ့သို့မဟုတ်ဘဲ ရခိုင်အမျိုးသား သစ္စဖောက်သံဒေတို့ အားအသုံးချကာ ရခိုင်ပြည်နှင့် ရခိုင်ပြည်သားများကို ကျွန်သဘောက်
မီးလောင်တိုက်သို့ ပို့ဆောင်ရန်အစီအစဉ်များကို တစ်ခုပြီးတစ်ခုရေးဆွဲ စီမံစိုင်းပြင်းလျှက်ရှိနေခဲ့သည်။
ဗမာပဒေသရာဇ်ဘုရင်မောင်ဝိုင်း၏ ရခိုင်ပြည်ကို နယ်ချဲ့ကျူးကျော်သိမ်းပိုက်ရန်အတွက် သွေးတိုးစမ်း
ခြင်းများ
-----------------------
ဗမာဘုရင်မောင်ဝိုင်း သည်သူ့ခမည်းတော် နောင်တော်များလက်ထက်ကပင်ကျူးကျော်နယ်ချဲ့
မှု မပြုလုပ်နိုင်ခဲ့သော ရခိုင်နိုင်ငံကို တိုက်ခိုက်နယ်ချဲ့ရန် မ၀ံ့မရဲဖြစ်နေသည်။ ရခိုင်ပြည်သည်လည်း ရခိုင်ရိုးမတောင်တန်းကြီး ကာဆီးထားသဖြင့်လည်းကောင်း၊ မြောက်ဦးခေတ်တွင် တိုက်ခိုက်ရေး စွမ်းအားကောင်းသည် ကိုလည်းကောင်း သိရှိထားသဖြင့်၎င်း အခြေအနေမှန်ကို လေ့လာရန် လိုအပ်နေသောကြောင့် အမျိုးသားသစ္စာဖောက်သံဒေ ၊မောင်ထွန်းစံဆိုသူတို့၏ ရခိုင်ပြည်ကိုသိမ်းပိုက်ပြီး ရခိုင်ဘုရင်တပါး တင်ပေးရန်လျှောက်ထားသည်ကို ချက်ချင်း ကတိမပေးသေးပေ။ရခိုင်ပြည်သို့ သူလျိုများစေလွှတ်ပြီး အခြေအနေအရပ်ရပ်ကို လေ့လာစုံစမ်းစေလေသည်။
ဗမာဘုရင်မောင်းဝိုင်းသည် ရခိုင်ပြည်သို့ နယ်ချဲ့ မကျုးကျော်မီကြိုတင် စီမံချက်မှာ မှော်အတက်ပညာ၊ စုန်းကဝေ အတက်ပညာ၊ အင်းအိုင်မန္တာန်အတက်ပညာ၊ ယတြပညာ၊ နံ နှိမ်ပညာ စသောအတက်ပညာတတ်သည့်သူများနှင့် အောက်လမ်းဆရာများကို ရခိုင်ပြည်သို့ စေလွှတ်လိုက်လေသည်။ ၄င်းအတတ်ပညာ တတ်သူများသည် မဟာမုနိကုန်းတော်သို့ တက်ရောက်ပြီး မဟာမုနိရုပ်ရှင်တော်၏ တန်ခိုးတော် ယုတ်ညံ့သွားအောင် ပြုလုပ်ကြလေသည်။ မဟာမုနိကုန်းတော်ပေါ်တွင်၎င်း၊ အခြားသင့်လျှော်သော နေရာများတွင်၎င်း၊ ကျားရုပ်မယ်ကုဝန်ရုပ်၊ ငရံ့ရုပ် ၊ဦးမင်းကျော်ရုပ်စသည်တို့ကိုထားပြီး အမွှေးနံ့သာ ဆီမီး စသည်တို့ ကိုထွန်းလျှက်ဆုတောင်းနံနှိမ်ကြသည်။ ထို့အပြင်သူလျှိုများသည် ရခိုင်ပြည်သူများအကြားသို့ ၀င်ရောက်ပြီး ရခိုင်ဘုရင်ကို ရခိုင်ပြည်သူများ
အထင်အမြင်မှားအောင် မှုးမတ်အချင်းချင်း အထင်အမြင်မှားအောင် အယုံသွင်းသွေးခွဲကြသည်။ တီးတိုးကောလဟာလသတင်းများ လွှင့်ထုတ်ကြသည်။ ထိုသို့ အချိန်ယူလုပ်ဆောင်ကြပြီးနောက် ဗမာပြည်သို့ ပြန်သွားကြသည်။ ၄င်းသူလျှိုများသည် ဘုရင်မောင်ဝိုင်းအား ရခိုင်ပြည်ကို တိုက်ခိုက်ပါက အလွယ်တကူ ရနိုင်ကြောင်းတင်လျှောက်ကြသည်။ ဗမာဘုရင်မောင်ဝိုင်းသည် ရခိုင်ပြည်သူတို့၏ ဂိုဏ်းဂဏစိတ် ဒေါသစိတ်ပြင်းထန်ပြီး တစ်ဦးနဲ့တစ်ဦး အယုံအကြည်ကင်းမဲ့ကာ စည်းလုံးမှု ကင်းမဲ့နေသည်ကို သိရှိရ၍ မြောက်ဦးခေတ်နှောင်း
ရခိုင်သမိုင်း၏ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ရခိုင်ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်ရန်
ဆုံးဖြတ်ချက်ချပြီး သစ္စာဖောက်သံဒေ၊ မောင်ထွန်းစံ တို့ကိုခေါ်ယူတွေ့ဆုံပြီး ရခိုင်ပြည်ကို
ချီတက်တိုက်ခိုက်သိမ်းပိုက်မည်ဖြစ်ကြောင်း ပြောပြလေတော့သည်။
ရခိုင်ပြည်ကို ကျူးကျော်နယ်ချဲ့မှုစတင်ခြင်း
------------------------------------
ဗမာဘုရင်မောင်ဝိုင်းသည် သားတော်အိမ်ရှေ့ မင်းသားမောင်ပေါ်အား ဗိုလ်မှုးချုပ်ခန့်ပြီး
ရခိုင်ပြည်ကို ကျူးကျော်တိုက်ခိုက်ရန် တာဝန်ပေးလေသည်။ အိမ်ရှေ့မင်းမောင်ပေါ်သည် စစ်သည်များကိုစုဆောင်ပြီး ရခိုင်သက္ကရာဇ် ၁၁၄၆ ခု ခရစ်သက္ကရာဇ် ၁၇၈၄) တန်ဆောင်းမုန်းလတွင် စစ်ကြောင်းကြီး လေးကြောင်းဖွဲ့ကာ ချီတက်စေလေသည်။ ၄င်းတို့ချီတက်ရာ စစ်ကြောင်းများမှာ မင်းဘူးအထက် မိုးကောင်းတောင်ကိုဖြတ်၍တစ်ကြောင်း၊ အောင်လံ သရက် ကြံခင်းမှ အမ်းတောင်ကြားလမ်းကိုဖြတ်၍ တစ်ကြောင်း၊ ပြည် ပန်းတောင်းမှ တောင်ကုတ် တောင်ကြားကိုဖြတ်၍ တစ်ကြောင်း၊ ပုသိပ်မော်တင်စွန်း နဂါးနစ်အငူကို ဖြတ်ကျော်ပြီး ပင်လယ်ပြင်မှ၎င်း ၊
စစ်ကြောင်းကြီးလေးကြောင်းဖြင့်ရခိုင်ပြည်ကို စစ်မကြေငြာပဲ ကျူးကျော်နယ်ချဲ့ တိုက်ခိုက်လေတော့သည်။
ဗမာဘုရင်တပ်တွင်စစ်သည် ကြည်း၊ ရေအင်းအား တသိန်းကျော်ရှိသည်။ အရံတပ်အင်အားလည်း
အရံသင့်ရှိနေသည်။
ရခိုင်ဘုရင်တပ်မတော်မှ ကျုးကျော်စစ်ကို ခုခံတွန်းလှန်ခြင်း
----------------------------------------------
ရခိုင်ဘုရင် မဟာသမ္မတမင်း၏ တပ်များသည်လည်း ရေကြောင်း၊ ကြည်းကြောင်းများဖြင့်
ကျုးကျော်လာသော ဗမာနယ်ချဲ့တပ်များကို အပြင်းအထန်ခုခံတွန်းလှန်ကြသည်။ တဖက်နှင့် တဖက် အကြိုက်အနယ်တိုက်ခိုက်ကြရသဖြင့် နှစ်ဖက်တပ်များထိခိုက် သေကြေဒဏ်ရာရကြသည်။ ရခိုင်ဘုရင် မဟာသမ္မတမင်း၏ စစ်အင်အားသည် ရခိုင်ပြည်တောင်ပိုင်းတွင် အင်အားကောင်းသဖြင့် ဗမာနယ်ချဲ့တပ်များ အထိနာကြသည်။ ၄င်းတို့ထင်ထားသည့်အတိုင်း ရခိုင်နိုင်ငံကို လွယ်လင့်တကူ မသိမ်းပိုက်နိုင်ကြပေ။ စွမ်းရည်သတ္တိနှင့်ပြည့်စသော ရခိုင်အာဇာနည် သူရဲကောင်းတို့၏ ဂုဏ်ရောင်ပြောင်မြောက်သော ခုခံတိုက်ခိုက်မှုကို ရင်ဆိုင်ကြရသည်။ နှစ်ဖက်စလုံး အမြောက် လက်နက်ကြီးများကို အသုံးပြုကြသည်။
ရခိုင်ဘုရင်တပ်မတော်မှ လက်ပစ်ဗုံးကို ပါသုံးစွဲသောကြောင့် ဗမာတပ်များအထိနာကြသည်။ ဗမာတို့ဘက်မှ အကျအဆုံးများသော်လည်း အရံပါလာသောတပ်များဖြင့် အစားထိုးနိုင်ကြသည်။ ရခိုင်တပ်တွင်မှုကား စည်းရုံးရေးပျက်ပြားကာ တစ်ဦးကိုတစ်ဦး ယုံကြည်မှုကင်းမဲ့နေကြသောကြောင့် မဟာသမ္မတမင်းကို ထောက်ခံနေကြသော ရဲမတ်စစ်သည်များလောက်သာ တိုက်ခိုက်နေရ၍ အင်အားထပ်မဖြည့်နိုင်သဖြင့် အရေးနိမ့်ရလေသည်။ ဗမာတို့လက်အောက်သို့ ရခိုင်ပြည် တောင်ပိုင်းကျဆုံးရလေသည်။
ရခိုင်ဘုရင်မဟာသမ္မတမင်းစစ်ကြေငြာခြင်း
--------------------------------------------
ရခိုင်ပြည်တောင်ပိုင်း သံတွဲ၊ ရမ်းဗြဲ
၊အမ်း၊ကျဆုံးပြီးနောက်မောင်ပေါ်သည်အမျိုးသားသစ္စာဖောက် ဦးသံဒေနှင့် မောင်ထွန်းစံတို့ကိုခေါ်ယူပြီး လောင်းကြက်မြို့ဟောင်းတွင် တပ်အခိုင်အမာချကာ
မြောက်ဦးမြို့ကို ခြိမ်းခြောက်လာလေတော့သည်။ ဗမာရေတပ်သည်လည်း လေးမြို့မြစ် ပိုးခြေကျွန်းတွင်
အခြေစိုက်ထားလေသည်။ထိုသို့ မြောက်ဦးမြို့တော်ကို ဗမာတပ်မှဝိုင်းဝန်းထားစဉ် ရခိုင်ဘုရင်၏ မှုးမတ်အချို့က ဗမာဘုရင်အား လက်ဆောင်ပဏ္ဍာ၊ သမီးကညာဆက်သပြီး မဟာမိတ်ဖွဲ့ပါဟု မဟာသမ္မတမင်းကို လျှောက်ထား တင်ပြလာကြသည်။ မဟာသမ္မတမင်းက ပြန်လည်ပြောကြားသည်မှာ ရှေးဘိုးလောင်းတော်၊ ဘေးလောင်းတော်တို့ လက်ထက်တွင် ရခိုင်ပြည်သို့ စစ်ချီလာသော ရန်သူများကို လက်ဆောင်ပဏ္ဍာ သမီးကညာပေးပြီး စစ်ပြေငြီမ်းရသည်ဟူ၍ မရှိ။ ငါ့လက်ထက်ကျမှသာ သမီးကညာဆက်သရချေသော် နောင်အစဉ်အလာ ရာဇ၀င်ရိုင်းမည်ဟု မိန့်တော်မှုပြီး စစ်ကြေငြာ၍ စစ်ပြိုင်ဆိုင်တိုက်ခိုက်လေသည်။
သူ့ကျွန်မခံ ဇာတိသွေးဇာတိမာန်ဖြင့် ဗမာတပ်များကို တိုက်ထုတ်တော်လှန်ပြီး နိုင်ငံနှင့်လူမျိုးအတွက် မဟာသမ္မတမင်း၏ဆောင်ရွက်ချက်သည်ကား ရခိုင်သမိုင်းအဆက်ဆက်တွင် မော်ကွန်းတံခွန် ထွန်းလျှံနေမည်သာတည်း။ မျိုးခြားနယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန် ဇာတိသွေးဇာတိမာန်ဖြင့် မဟာသမ္မတမင်း ဆောင်ရွက်ချက်များကို ရမ်းဗြဲတောင်ကျောင်းဆရာတော် ဦးစန္ဒမာလာလင်္ကာရ၏ ရခိုင်ရဇ၀င်သစ်ကျမ်းတွင် ဤသို့ ဖော်ပြထားသည်။ ရခိုင်ဘုရင်မဟာသမ္မတမင်းသည် ရခိုင်သက္ကရာဇ် ၁၁၄၆ ပြာသိုလ ခရစ်သက္ကရာဇ်၁၇၈၄
ဒီဇင်ဘာတွင် လောင်းကြတ်မြို့ဟောင်း၌ လာရောက်တပ်စွဲလျှက်ရှိသော ဗမာရန်သူတပ်များအား
တိုက်ခိုက်နှိမ်နှင်းရန် ညီတော်အိမ်ရှေ့မင်း ချစ်လှရွှေအား ဗိုလ်ချုပ်ခန့်ပြီး လက်ဝဲမြန်ထွန်းဖောင်
လက်င်္ကျာမြန်မောင်ထွေး၊ လက်ဝဲ၀င်းမှူး ထွန်းဝေ၊ လက်င်္ကျာဝင်းမှူးညိုရောင်၊အိမ်ရှေ့ဝင်းမှူးရှောက်ပြေး၊ အနောက်ဝင်းမှူး ရောက်မစည်း၊ အစရှိသော မှုးတော်မတ်တော်များကို ပြောင်းလက်နက်တင် လှေပေါင်း ၈၀ ဖြင့်ရေကြောင်းမှ ချီစေပြီး ကိုယ်တော်တိုင်လည်း ကိုယ်ရံကြီး ထွန်းခိုင်၊ ဆင်ကဲကြီးထွင်းပေါ် ၊ရမ်းဗြဲစား
ခြေ၀န်းတောင်ဘက်စား ဥဂ္ဂါးရွှေသေနာပတိ ရေဇန္တုတ် ၊ကုန်းဇန္တုတ်အပေါင်းတို့ ခြံရံလျှက် မြောက်စည်တိုက်စည်တို့ကို ထိန့်ရစ်အောင်တီးခတ်စေပြီး ကြည်းကြောင်းမှ ချီတော်မှုသည် ဟူ၍၄င်း..တဖန်တန်းလွှဲမြို့ပိုင်တောင်မင်းကျော်ထွီးသည် ၁၁၄၆ ခု နတ်တော်လတွင် နောင်တော်စောပိုင် ကြီးစံပေါ်ရွှေ၊ ရမ်းဗြဲစားပေါ်လုံး၊ လမုစားလခိုင်၊ ရမ်းဗြဲငယ်စားထွန်းအောင်၊ ရမ်းဗြဲကျွန်း အရှေ့ဘက်စရပ်လေးရွာသူကြီးတို့နှင့်အတူ တန်းလွဲမြို့တောင်ဘက် ရွှေတုံးပြင်ရှိ ရန်သူဗမာတပ်များကို တိုက်ခိုက်ရာတွင် ရခိုင်သူရဲကောင်း ၃၀၀၀ ကျော် ပါရှိခဲ့သည် ဟူ၍၄င်း မဟာသမ္မတမင်း၏တပ်အင်အားကို ဖောက်ပြထားသည်။ လောင်းကြက်မြို့ဟောင်း တိုက်ပွဲတွင် မဟာသမ္မတမင်း၏တပ်နှင့် ဗမာတပ်များ အကြိုက်အနယ် တိုက်ခိုက်ကြသည်။ အင်အားချင်းမမျှ၍ မဟာသမ္မတမင်း၏ တပ်များအရေးနိမ့်ဆုတ်ခွာခဲ့သော်လည်း မြောက်ဦးမြို့တော်မှ တဖန်ခုခံတိုက်ခိုက်ရန် ကြိုးစားဆောင်ရွက်ခဲ့ကြ ပြန်လေသည်။ သို့ရာတွင်အကြောင်းမလှသဖြင့် အားမတန်မာန်လျှော့ကာ
မဟာသမ္မတရာဇာသည် မြောက်ဦးမြို့မှ ဆုတ်ခွာလိုက်သည်။ ရခိုင်သက္ကရာဇ် ၁၁၄၆ ခု ပြာသိုလပြည့်ကျော် ၇ ရက် စနေနေ့ ၁၇၈၄ ခု ဒီဇင်ဘာလတွင် မြောက်ဦးမြို့တော်ကျဆုံးလေသည်။ မဟာသမ္မတရာဇာသည်လည်း မိမိအင်အားရှိရာ ရခိုင်ပြည်တောင်ပိုင်းသို့ ထွက်ခွာပြီး တောနက်တစ်နေရာတွင် ခိုလှုံနေစဉ် ရခိုင်သစ္စာဖောက်များ၏ လမ်းပြမှုကြောင့် နောက်တလကျော်အကြာတွင် အဖမ်းခံရလေသည်။ ရခိုင်ပြည်သည်လည်း ထီးကျိုးစည်ပေါက် လူမျိုးခြားလက်အောက်သို့ ရောက်ခဲ့ရလေသည်။
အောင်နိုင်သူဗမာများ၏ ရက်စက်ယုတ်မာမှုများ
-------------------------------------
ရခိုင်သက္ကရာဇ် ၁၁၄၆ ခု ပြာသိုလပြည့်ကျော် ၇ ရက် စနေနေ့ အေဒီ၁၇၈၄ ဒီဇင်ဘာလတွင် ရခိုင်တပြည်လုံး ဗမာနယ်ချဲ့လက်အောက်သို့ ကျရောက်ခဲ့ရသည်။ ရခိုင်ပြည်ကို
ကျုးကျော်အောင်နိုင်သော ဗမာပဒေသရာဇ် လက်ဝေခံများသည် ရခိုင်လူမျိုးတို့ကို မြေလှန်စနစ်ကျင့်သုံးပြီး နည်းမျိုးစုံနှင့်သတ်ဖြတ်၊ ညှင်းပန်း နှိက်စက်ကြသည်။ နောင်တချိန်တွင် ပြန်လည် မတုန့်ပြန်နိုင်အောင် ဖော်ပြပါ လုပ်ဆောင်ချက်များကို လုပ်ဆောင်ကြသည်။
၁။ မဟာသမ္မတမင်းနှင့်မိဖုရား ၊သားတော် သမီးတော်များ ၊
၂၊ မူးတော်မတ်တော် ပုရောဟိတ်ပညာရှိများ
၃။ ရဟန်းပညာရှိ လူပညာရှိများ
၎။ လက်မှုပညာသည်များ ပန်းထိန်၊ ပန်းရံ၊လက်သမား
၅။ မဟာမုနိရုပ်ပွားတော်နှင့် အခြားရုပ်ထုများ
၆။ ဘုရင့်ဘဏ္ဍာတိုက်မှ အဖိုးမဖြတ်နိုင်သော ပတ္တမြားနှင့် နန်းစဉ်ရတနာများ
၇။ ဗေဒင်ကျမ်း ဆေးကျမ်း နက္ခကျမ်း စသည့် ပရပိုက်များ
၈။ ရခိုင်သမိုင်းစဉ်ကို ပြုစုထားသည် ပုရပိုက်များ
၉။ သံဃာရနာတင် ပိဋကတ်သုံးပုံ ပုရပိုက်များ
၁၀။ ရခိုင်နန်းတောင်မှ ကြေးပြားအမိုးများ
၁၁။ အလျားအတောင်၂၀ လုံးပတ်၆ တောင်ရှိ အမြောက်ကြီးများနှင့် အမြောက်ငယ်၂၀၀၀
စိန်ပြောင်းအလက်၁၀၀၀၀ စသောသက်ရှိသက်မဲ့ မြောက်များစွာတို့ကိုဗမာပြည်သို့ယူဆောင်သွားကြသည်။ ရခိုင်စာပေနှင့် ယဉ်ကျေးမူလက်ရာများကို မြန်မာမှုပြုလုပ်ကြသည်။ မြောက်ဦးမြို့တော်ရှိ ရခိုင်နန်းတော်ကို ရခိုင်လူမျိုးများတွေ့မြင်နေရလျှင် ဇာတိသွေး
ဇာတိမာန်တက်လာမည်ကို စိုးရိမ်၍ နန်းတော်တစ်ခုလုံးကို အစအနရှာမရအောင် မီးရှို့ဖျက်ဆီးပစ်လိုက်ကြသည်။ အခြားမိဖုရား အိမ်ရှေ့မင်း၊ မင်းသမီးများ၊ အိမ်တော် ၊ဘုန်းကြီးကျောင်းများ၊ စတီပုထိုးများ ၄င်းတို့ မသယ်ဆောင်နိုင်သော သက်ရှိသက်မဲ့ပစ္စည်း ဟူသမျှကို မီးရှို့ဖျက်ဆီးပစ်ခဲ့ကြသည်။
မှတ်ချက်။ ။ဗမာဘုရင်သီပေါမင်း၏ မန္တလေးနန်းတော်ကို အင်္ဂလိပ်က ရှေးလက်ရာမပျက် ထားရှိခဲ့သည်ကို ယနေ့တိုင်တွေ့မြင်နိုင်သည်။ သီပေါဘုရင်နှင့် မိဖုရားကိုလည်း ကွယ်လွန်သည် အထိကောင်းမွန်စွာ ထားရှိခဲ့သည်။ ထီးသုံးနန်းသုံး ပစ္စည်းအချို့ကိုလည်း လွတ်လပ်ရေးရသည့်
အခါပြန်လည်ပေးအပ်ခဲ့သည်။ ရခိုင်များအဖို့တွင်ကား ရှေးလက်ရာ ထီးသုံးနန်းသုံးများကို အစအနရှာမရခြင်း၊ မြန်မာမှုပြုလိုက်ခြင်းသည် ရခိုင်လူမျိုးများ၏ ခံစားချက်ကိုမည်သို့
ဖြေဖျောက်ပေးနိုင်ကြပါမည်နည်း။ မဟာမုနိရုပ်ရှင်တော်ကို ဗုဒ္ဓဘုရားသက်ရှိထင်ရှား ရှိစဉ်ကပင် ရခိုင်ဘုရင် မဟာစန္ဒသူရိယမင်း၏ တောင်းပန်လျောက်ထားချက်အရ ဘုရားရှင်ကိုယ်တိုင် ရှေ့မှောက်တွင်သွန်းလောင်းပြီး ရခိုင်ဘုရင် အဆက်ဆက်ကမ္ဘာဗုဒ္ဓဘာသာဝင်များနှင့် ရခိုင်ပြည်သူများ အထွဍ်အမြတ်ထား ကိုးကွယ်ခဲ့သော ဘုရားကို ရခိုင်သမိုင်းသုတေသီများက ဗမာများယူဆောင်၍မရကြောင်း အခြားတစ်နေရာမှ သဏ္ဍန်တူဘုရားတပါးကို ပင့်ဆောင်သွားကြကြောင်း မှတ်တမ်းတင်ကြသည်ကို တွေ့ရပါသည်။ ရှပ်ရှင်တော်မဟာမုနိသည် သာသနာ ၅၀၀၀ ကာလပတ်လုံး ဓည၀တီရခိုင်ပြည်၌ ကိန်းဝပ်တော် မူလိမ့်မည်ဟူသော ရှင်တော်ဗုဒ္ဓ၏ ဗျာဒိတ်ခတ် မိန့်မွတ်တော်မူခဲ့သည်ကိုထောက်ထား၍ ရခိုင်သမိုင်းသုတေသီများ၏ အဆိုအမိန့်သည်သာပို၍ မှန်ကန်လိမ့်မည်သာဖြစ်သည်။ သို့သော် လက်ရှိ မန္တလေးမြို့မဟာမြတ်မုနိဘုရားသည်လည်း ရခိုင်ပြည်မှ အတင်းအဓမ္မခိုးယူသွားသော ရခိုင်ဘုရားသာဖြစ်သည် မဟာမုနိရုပ်ရှင်တော်ကို ဖောင်တော်ဦးတွင်တင်ပြီး ရခိုင်လူမျိုး အားကောင်းမောင်းသန်များကို လှော်ခတ်စေ၍ တောင်ကုတ်သို့ရောက်အောင် သယ်ဆောင်ကြရသည်။ တောင်ကုတ်တွင်ရထားပြုလုပ်ပြီး ရထားပေါ်တင်၍ ရခိုင်လူမျိုးများကိုပင် ဆွဲငင်ယူစေသည်။ လမ်းခရီးတွင် ရခိုင်လူမျိုးများ ထွက်ပြေးကြရာ ရခိုင်လူမျိုးများသည် အစဉ်အလာ နားပေါက်ထားရှိကြသဖြင့် နားပေါက်များတွင် ကြိမ်လုံးငယ်သွင်းပြီး ဆွဲယူစေသည်။ တောင်ကုတ်တောင်ကြားလမ်းမှ ဆွဲယူကြပြီး ဧရာဝတီမြစ်အတွင်းရှိဖောင်ပေါ်တွင်တင်၍
စစ်ကိုင်းဆိုက်ကမ်းထိအောင် ရခိုင်လူမျိုးများ လှော်ခတ်ဆွဲငင်ကြရသည်။ စစ်ကိုင်းဆိုက်ကမ်းသို့
ရခိုင်သက္ကရာဇ် ၁၁၄၇ ခု တပို့တွဲလဆုတ်၁၂ ရက်နေ့ ရောက်ရှိသည်။ ဆိုက်ကမ်းမှ ယခုမဟာမုနိ ကိန်းဝပ်တော်မူရာသို့ ရောက်အောင် ရခိုင်များဆွဲယူကြရသည်
ပါလာသောရခိုင်အချို့ကိုလည်း မဟာမုနီဘုရားတွင် ဘုရားကျွန်အဖြစ်လှူဒါန်းခြင်းကို ခံကြရလေသည်။ ရခိုင်လူမျိုးများကို တိရိစ္ဆာန်ပမာပြုမှုခြင်းသည် ရခိုင်လူမျိုး
ယနေ့တိုင်ခံစားကြရပေသည်။ ရခိုင်ပြည်ကို ကျူးကျော်သိမ်းပိုက်ပြီး မင်းကြီးမင်းခေါင်ကျော်ဆိုသူအား နောက်လိုက်နောက်ပါရဲမတ် ၁၀၀၀၀ နှင့် ရခိုင်ပြည်သူများကို ဖိနှိပ်ကျွန်ပြုရန် တာဝန်ပေးထားခဲ့သည်။ မင်းခေါင်
ကျော်စွာသည် နာဇီဟစ်တလာထက်စောပြီး ဖက်ဆစ်စနစ်ကို ကျင့်သုံးခဲ့သည်။ ဂျူးလူမျိုးများကဲ့သို့ ရခိုင်လူမျိုးများကို ကျူပင်ခုတ်ကျုငုတ်ကျန် သတ်ဖြတ်နည်းမျိုးစုံဖြင့် သတ်ဖြတ်ခဲ့ကြသည်။ ကလေးငယ်များကို အပေါ်သို့မြောက်ပြီး ဓါးကစားသည်။ ဆုံတွင်ထည့်၍ ထုထောင်းသည်။
ကိုယ်ဝန်ဆောင်မိန်းမများအား ၀မ်းကိုဓါးနှင့်ထိုးခွဲသည် မြောက်မြားစွာသော ရခိုင်လူထုကို ကစ္ဆပနဒီ
ကုလားတန်မြစ်ကမ်းတွင် ခြံစည်းရိုးခတ်စေပြီး ခြံထည့်တွင်လှောင်ထားသည်။ ဒီရေတက်လာလျှင်
ခြံထည့်မှ ထွက်လာသူများကို ဓါးလှံနှင့် ထိုးခုတ်ကြသည်။ မထွက်ရဲသူများရေနစ်သေဆုံးကြသည် ။
ရေနစ်မွန်းသောအခါလက်များသည် အပေါ်သို့ ထောင်ပြီးအော်ဟစ်ကြသည်။ ယနေ့အထိ ၄င်းနေရာကို
လက်ဖန်ပြ လက်ပန်ပြားဟု ခေါ်တွင်နေကြသည်။
ရခိုင်ဘုရင်နန်းတော်မှ ယူဆောင်ခဲ့သည် အမိုးကြေးဝါပြား မြောက်များစွာကို ကမ္ဘာတွင်တတိယအကြီးဆုံး ခေါင်းလောင်းဟု ၀င့်ကြွားနေသည့် မင်းကွန်းခေါင်းလောင်းကြီးကို သွန်းလုပ်ခဲ့သည်။ကြေးချိန် ၅၅၅၅၅၅ ပိသာရှိသည်။ ၄င်းခေါင်းလောင်းကို သွန်းလုပ်ရာတွင် ရခိုင်သူပန်းပညာရှိများကို ခိုင်းစေခဲ့သည်။ မင်းကွန်း စေတီတည်ရာတွင်လည်း ရခိုင်လူမျိုး ၃၀၀၀ကိုခိုင်းစေခဲ့သည်။ မိတ္ထိလာကန်ကို ဆည်ဖို့တူးဖော်ရာတွင်လည်း ရခိုင်လူမျိုးများစွာကို ခိုင်းစေခဲ့သည် ။ မသေရုံ အစားအစာကျွေးသဖြင့် ရောဂါဝင်ပြီး အများအပြားသေဆုံးကုန်ကြသည်။ သေဆုံးသော ရခိုင်အလောင်းများကို မိတ္ထိလာကန်ဘောင်ရိုးတွင် မြုပ်နှံခဲ့သည်။ ရှည်လျားသော မိတ္ထိလာကန်ဘောင်ရိုးမှာရခိုင်လူမျိုးများ၏ အရိုးစုများနှင့် ပြည့်နှက်နေခဲ့သည်။ ယိုးဒယားသို့ ကျုးကျော်ချီတက်ရာတွင်လည်း ရခိုင်လူမျိုး ၆၀၀၀ အသုံးပြုခဲ့သည်။ဗမာဘုရင်မောင်ဝိုင်းသည် ၁၇၉၀ - ၁၇၉၇ အတွင်း မင်းကွန်းစေတီတည်စဉ်က ချွေးတပ်သား
ရရှိရေးအတွက် သစ္စာဖောက် ငသံဒေတို့က ဆောက်ရွက်ပေးခဲ့သည်။ မင်းကွန်းစေတီကြီးသာ
တည်ဆောက် ပြီးစီးခဲ့ပါလျင်အမြင့်ပေ ၅၀၀ ကျော်ရှိပါလိမ့်မည်။ အပြီးတည်ပါက တိုင်းပြည်ပျက်မည်ဟုထွက်ရှိသဖြင့် မပြီးမစီး တပိုင်းတစထားရှိခဲ့ရသော မင်းကွန်းစေတီသည် မန္တလေးမြို့နှင့် အလှမ်းမကွာသော စစ်ကိုင်းမြို့နယ်တွင် တွေ့မြင်နိုင်ပါသည် ထိုစေတီ၏ ပတ်ဝန်းကျင်တွင် လွန်ခဲ့သောအနှစ်၂၀၀ ကျော်က အတင်းအကျပ် အလုပ်ခိုင်းစေခြင်းခံရသော ရခိုင်လူမျိုးများ၏ အရိုးများသည် ယခုတိုင်ပြည့်နှက်နေမည် ဖြစ်သည်။
ဗမာပဒေရာဇ်နယ်ချဲ့တို့၏ ရက်စက်မှုအစွမ်းကုန်ပြုကျင့် ကြသည်မှာ မြောက်ဦးမြို့တော်အနီးရှိ အရိုးပုံတောင်ကြီးတွင် ရခိုင်သားတို့၏ အရိုးစုအရိုးဆွေးများကို ယနေ့တိုင် တွေ့မြင်နေရသည်။ ထို့ကြောင့် အရိုးပုံတောင်ဟု ယခုတိုင်ခေါ်တွင်နေသည်။ ပုဏ္ဏားကျွန်းမြို့နယ် ယိုးချောင်းရှိ သားပုံကျေးရွာမှာလည်း ရခိုင်လူမျိုးများကို အစုလိုက်အပုံလိုက် သတ်ခဲ့ကြသဖြင့် သားပုံဟုခေါ်တွင်သည်။ ကာလရှည်လျားလာသဖြင့် သပုံဟုခေါ်တွင်လေသည်။
ကျွန်ပြုခံရခိုင်နိုင်ငံ
---------------
ရခိုင်ဗမာစစ်ပွဲတွင် ပြည်သူ ၂၀၀၀၀ခန့်နှင့် ရဲမတ် ၃၀၀၀၀ ခန့်သေဆုံးခဲ့ကြရပြီး ၊ပြည်သူနှစ်သောင်းနှင့် ရဲမတ်၂၀၀၀၀ ခန့်မသန်မစွမ်း ဒုက္ခိတဖြစ်ခဲ့ရသည်။ ရခိုင်ပြည်သူ တသိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း ပြည်သူလူထု တသိန်းကျော်မှာ အဖရခိုင်နိုင်ငံတော်ကို စွန့်ခွာပြီး ယခု ဘင်္ဂလားဒေခ်ျ့ထဲသို့ ပြေးဝင်ခိုလှုံခဲ့ရကြောင်း သမိုင်းမှတ်တမ်းများတွင် ဖေါ်ပြထားသည်။ ဗမာနယ်ချဲ့ပဒေသရာဇ် ကျူးကျော်ရေးသမားတို့၏ ရက်စက်ယုတ်မာခဲ့သည်ကို ရခိုင်သမိုင်းမှတ်တမ်းလင်္ကာကျမ်းတွင် ဤသို့ဖော်ပြထားသည်
ပုံဘိတောင်နှယ်၊ ကောင်ပုတ်ဝယ်ကား၊ လူငယ်တသောင်း၊ လူကြီးပေါင်းမူ၊ ရှစ်သောင်းအစွန်း တသိန်းမှန်၏။ မယွန်းထိုခါ သေကုန်ပါ၏ ။ ဒွာရာသံတွဲ မြို့ရမ်းဗြဲနှင့် မြစ်ထဲဝမျှောင် ၊ ကျွန်းမာန်အောင်၌ ဖမ်းနှောင်ကြိုးသွင်း ယူလေခြင်းကား သတင်းစကား နားသာကြား၏။ သတ်ထားအကောင် ဖူးဖူးရောင်သား ၊ဖုတ်ဟောင်နံစော်၊ ရုပ်ခန္တာကိုယ် ၊ ကာကလင်းတ၊ သိန်းစွန်မှသည်၊ ခွေးကစလျှက် ၊ ကျားသစ်ဝက်များ၊ စားကြဖန်ဖန် ၊ ကိုက်ကြဟန်ကို အကျန်လူများ မြင်လေငြားမူ ဘုရားတရား၊ သံဃာအားကို
ဝပ်တွားကော်ရော်၊ ပူဇော်ရေရွတ် ၊ နဖူးခတ်သည်၊ ရင်ဘက်လက်တင် ၊ ခတ်တီး.....တည်း” ။
ဤကဗျာလင်္ကာအရ ဗမာမျိုးယုတ်များသည် မြောက်ဦးမြို့တော် တမြို့တည်းမှာပင် ရဟန်းရှင်လူ တသိန်းကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ဆိုနိုင်သည်။ ထိုခေတ် မြောက်ဦးမြို့တော်၏ လူနေအိမ်ခြေ စာရင်းကို ပန်းမဉ္ဇူကြူကြူမွှီး အိမ်ခြိစာရင်းပီး” ဟုရခိုင်သမိုင်း သုတေသီတစ်ဦး၏ မှတ်တမ်းအရ ပိဋကတ်သင်္ချာနည်းဖြင့် ပြောင်းပြန်ရေးချသော် ၅၁၁၈၅၅ အိမ်ခြေစာရင်းဖြစ်သည်။ တအိမ်လျှင် ပျမ်းမျှလူဦးရေ ၅ ယောက် နှုန်းသတ်မှတ်လျှင် မြောက်ဦးမြို့တော် လူဦးရေသည် ၂၅၅၉၂၇၅ ရှိပေသည်။ မြောက်ဦးမြို့တော်တွင် ထင်ရှားသော ဘုန်းတောကြီးကျော်း ၃၀နှင့် ကျောင်းငယ်၃၇၀၀ ကျော်ရှိကြောင်းကိုလည်း ဤတမ်းတွင် ပြဆိုထားသည်။ ထို့ကြောင့် မြောက်ဦးမြို့တော်
တမြို့တည်းမှာပင် ရဟန်းရှင်လူတသိန်းကျော် အသတ်ခံခဲ့ရကြောင်း မှတ်တမ်းတွင် ဖော်ပြထားပါသည်။တဖန်ထိုလင်္ကာတွင် ဒွာရာသံတွဲ မြို့ရမ်းဗြဲနှင့် မြစ်ထဲ့ဝမျှောင် ၊ ကျွန်းမာန်အောင်၌
ဖမ်းနှောင်ကြိုးသွင်း ယူလေခြင်းကား သတင်းစကား နားသာကြား၏။ သတ်ထားအကောင် ဖူးဖူးရောင်သား
” ဟု ဆိုထားပြန်ရာ ဒွာရာဝတီသံတွဲ ၊ ရမ္မာဝတီ ရမ်းဗြဲကျွန်း ၊မြစ်ထဲ့ ၀မျှောင်နှင့် မေဃ၀တီမာန်အောင်ကျွန်းတို့မှ လူအမြောက်အမြားကို ဖမ်းယူသွားကြောင်း ၊ ယင်းဒေသမှ လူအမြောက်အမြားကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ထိုကဗျာလင်္ကာအရ သိသာနိုင်ပါသည်။ ထို့ကြောင့် ရခိုင်သက္ကရာဇ် ၁၁၄၆ အေဒီ ၁၇၈၄ ခုနှစ်တွင် ဗမာကျူးကျော် သူတို့က ရခိုင်နိုင်ငံသားများကို အစုလိုက်အပုံလိုက်
မြောက်မြားစွာ သတ်ဖြတ်မှုကြီးဖြစ်သည်ဟု ရခိုင် သုတေသိများက မှတ်တမ်းတင်ထားကြသည်။
ပဒေသရာဇ်ဘုရင်မောင်ဝိုင်း၏ယုတ်မာမှု
----------------------------------
ဗမာပဒေသရာဇ်ဘုရင်မောင်ဝိုင်းသည် ဖမ်းဆီးခေါ်ဆောင်သွားသည့် ရခိုင်ဘုရင်
မဟာသမ္မတမင်းကို ၄င်း၏ညီပခန်းမင်း၏ အိမ်၌ထားရှိလေသည်။ တနေ့သောအခါ ရခိုင်ဘုရင်အား ရခိုင်ပြည်တွင် ပိဋကတ်၊ဗေဒင် သိမြင်လိမ္မာသောသူများ မရှိလေသလောဟု ” ဗမာဘုရင်မောင်ဝိုင်းကမေးရာ ရခိုင်ဘုရင် မဟာသမ္မတမင်းက အမရပူရမင်းမှာ ပိဋကတ်၊ဗေဒင် သိမြင်လိမ္မာသောသူများမရှိလေသောကြောင့် သူတပါးနိုင်ငံကို ကျူးကျော်နယ်ချဲ့ တိုက်ဖျက်လေသလော ဟု
ပြန်၍မေးတောမူ၏ ဗမာဘုရင်မောင်ဝိုင်း နုတ်ဆိတ်နေသည်ဟု ရခိုင်သမိုင်းဆရာများ မှတ်တမ်းတင်ထားသည်ကို တွေ့ရှိရသည်။ နောင်လာနောင်သားများကို နိုးဆော်ခဲ့သည့်
အသံပင်ဖြစ်သည်။ ရခိုင်ဘုရင်မဟာသမ္မတမင်း၏ မိဖုရားမြသန္တာသည် ရုပ်ရည်လှပတင့်တယ်သောကြောင့် ဗမာဘုရင်မောင်ဝိုင်းသည် ငွေတစ်ထောင် တရားစရိတ်ပေးပြီး ကွာရှင်းစေပြီး သိမ်းပိုက်လေသည်။ မိဖုရားမြသန္တာသည်လည်း ဗမာမောင်ဝိုင်း၏ မိဖုရားအဖြစ်ကိုမခံယူပဲ မိမိကိုယ်ကို အဆုံးစီရင်သည်ဟု ဖော်ပြကြသည်။ မိဖုရားမြသန္တာသည် ရခိုင်အမျိုးဂုဏ်သိက္ခာအား နောက်ဆုံးအချိန်ထိ စောင့်ထိန်းသွားသည်ကို ရခိုင်ပြည်သားများအဖို့ စံထားရမည့် အချက်ဖြစ်ပေသည်။ အကျဉ်းစံမဟာသမ္မတမင်းသည်လည်း စိတ်ဆင်းရဲကိုယ်ဆင်းရဲ ခြင်းကြီးစွာဖြင့် အမရပူရရောက်ပြီး ၂ နှစ်တွင်းနတ်ရွာ စံလေသည်။ မဟာသမ္မတမင်းနတ်ရွာစံသည်နှင့် ရခိုင်ပြည်တွင် ရခိုင်မင်းဆက်နိဂုံးချုပ်လေတော့သည်။
အမျိုးသားသစ္စာဖေါက်သံဒေဆိုသူနှင့် အပေါင်းပါ တစ်စုကြောင့် ရခိုင်နိုင်ငံနှင့် ရခိုင်လူမျိုးများသည် လူမျိုးခြား ဗမာနယ်ချဲ့တို့ လက်အောက်ကျရောက်ခဲ့ရသည်။ တဖန်အင်္ဂလိပ်၊
ဖဆပလ၊မဆလ၊န၀တ တို့လက်အောက် ကျရောက်ခဲ့ရာ အနှစ်၂၃၁ နှစ် ကျွန်သက် ရှည်လာပြီဖြစ်သည်။ နောင်ကို မည်သည့် အတိုင်းအတာကာလထိ ကျွန်သက်ဆိုး ရှည်ကြာနေမည်ကို မသိနိုင်သေးပေ။ အဆုံးအဖြတ် ပေးနိုင်ရန်မှာ ရခိုင်လူမျိုးများ စုစည်းညီညွတ်မှုအား အပေါ်တွင်သာအဆုံးအဖြတ်ပေးမည်သာ ဖြစ်သည်။
ကိုးကားချက်
၁) ရခိုင်နိုင်ငံ သမိုင်းသစ် ပိုးလှအောင်
၂) ရခိုင်ရာဇ၀င်သစ်ကျမ်း ရမ်းဗြဲတောင်ကျောင်း ဆရာတော်
၃ ဓည၀တီ ရာဇ၀င်သစ်ကျမ်း ပဲခူးမင်းကျောင်း ဆရာတော်
၎) ဂစ္ဆပနဒီနှင့် သူ့ကျွန်မခံ သမိုင်းပေးတာဝန် တက္ကသိုလ်ကျော်လင်းခိုင် လက်နှိပ်စက်မူ
၅) ဗုဒ္ဓဂေါတမနှင့် စန္ဒသူရိယဘုရင် ဦးလှထွန်းဖြူ
Tuesday, December 27, 2016
HAPPY NEWYEAR
နှစ်သစ်မာ လိုရာဆန္ဒနန်း ပြည့်ဝ ကတ်ပါဇီလို့.............
ဆုတောင်းလိုက်ပါရေ
Date Date Kyal
HAPPY NEWYEAR
နှစ်သစ်မာ လိုရာဆန္ဒနန်း ပြည့်ဝ ကတ်ပါဇီလို့.............
ဆုတောင်းလိုက်ပါရေ
Date Date Kyal
ရခိုင်ကဗျာ
💥သမိုင်းအဆက်ဆက်
အဖိုးအဖီးရို့သွီးနန့် တည်ဆောက်
ဗုဒ္ဓရိပ်အောက်မာ
သာသနာရောင်ထွန်း
ရွှီရောင် လွှမ်းခရေ ...နိုင်ငံ...။
💥ကံကြမ္မာဆိုးပျက် ဝါးမျက်ဖျက်သို့
ငသံဒွေအမိုက် လူတသိုက်ရို့
အသားလောက်ကောင် အသိခေါင်၍
ကျူးကျော်သူရို့ လက်အောက်
ပြိုပျောက်ထီးနန်း မီးလောင်တိုက်ထဲ
ပြာကျုရွှင့်မျော ဘဝဆိုးခ
ဒေဆောင်းလ....။
💥သက်ကြီးရွယ်အို၊အပျိုမိမ
တွိသမျှကို...
မထောက်မစာ မညှာတာဘဲ
ဓါးစမ်းသတ်ဖြတ် ရက်စက်ကတ်ကာ
သီးချောင်ပင်လယ် သမုဒ်ပြင်သို့
စီးကျဒုက္ခ မြင်မလှခ
ဒေဆောင်းလ...။
💥ကျူးပင်ခွတ်က ကျူငုတ်မချန်
ကျွီးကြော်မာန်ဖြင့် အောင်လံထူစိုက်
ထင်တိုင်းမိုက်၍ ရက်စက်တတ်စွာ
ဆိုးကမ္ဘာထဲ မျက်ရည်ဝဲပျာ
ကယ်လူကင်းခ.... ဒေဆောင်းလ..။
💥တင်းဝပန်းခိုင် အလောင်းပြိုင်၍
မဏ္ဍိုင်ယိုင်လဲ ကျွန်ဘဝထဲ
သဇင်တန်ကျိုး ဘဝဆိုး၍
နစ်လီဆက်ဆက် ဒုက္ခနက်ကေ
ဆောင်းလအချမ်း ရာသီကြမ်းလေ့
မချမ်းမအီး ရင်တွင်းမီးက
အဆတရာ ပူလောင်ပြင်းရ
ဒေဆောင်းလ.....။
သစ္စာခိုင်http://q-arakansar.blogspot.com 😎😎😎
ရခိုင် ကဗျာ
”အဝီးက လွမ်းယင်း”
💥ရိုးမတောင်ညို စိမ်းလန်းစို၍
နုပျိုသစ်ပင် ပွင့်သစ်ဆင်ကေ
အမြင်ဆန်းလှ သဘာဝကို
တမ်းတခါခါ အိမ်းလွမ်းနာနန့်
ပြန်လာချင်လေ့ ပြန်ချင်ဆန္ဒ
မျိုပျာချယင့် ပြန်ခွင့်မရ
အဝီးက လွမ်းယင်း.......။
💥ပင်လယ်ပြာပြာ အုန်းတန်းသာ၍
သန္တာကျောက်တန်း စီရီဝိုင်းပျာ
သဘာဝစုံ အနိဋ္ဌာရုံကို
ဖယ်ခွာမညီး အမြင်ဝီးရ
မနီးဒုက္ခ အဝီးကလွမ်းယင်း......။
💥အဂုချိန်ဆို....
ဆောင်းနှင်းဝီ၍ သဇင်စီရီ
ဖူးဖွင့်လီကေ ချစ်နှမချေ
ကေသာဆံထက် သဇင်တခက်
ပန်ဆင်ပီးချင်လေ့ မြင်ကွာခရီး
အဝီးက လွမ်းယင်း....။
💥အိမ်ဝီးငှက်ရို့၏ အိမ်ပြန်လမ်း
ပြောင့်တန်းသာယာ ဘေးကင်းကွာ၍
ရိုးတောင်ခြီအောက် ပြန်ဆုံရောက်ဖို့
မပျောက်အင်အား မျှော်လင့်ချက်ထားလို့
သောကကိုဖျောက် အားတင်းပျာလျှောက်ယင်း...
ဆောင်းဒါဏ်အချမ်း ရာသီကြမ်းမာ
လွမ်းစိတ်ကြောင့် မျက်ရည်စို
အဂုဆို...
လာလမ်းသို့ မျှော်လို့
ချစ်နှမချေတယောက်
လိမ်းစိတ်ပိုလို့ ငိုနီလီဖို့လား
စိတ်ကူအတွေး မျက်ဝန်းထဲမာ
မှန်းဆတမ်းတယင်းနန့်
မြင်ကွာခရီး၊ အဝီးက လွမ်းယင်း....။
သစ္စာခိုင်
Friday, December 23, 2016
ရခိုင်ကဗျာ
Saturday, December 17, 2016
Sunday, December 4, 2016
===============
မပါးနတ်တေ အဖြစ်နန့်
အနားသတ်ရေ အချစ်မှာ
ငါ့ပြစ်လို့ရာ ယူဆလိုက်မေ
နင်ပြောရေ မုသားပျားစွာ
အဆိပ်ခပ်ထားမှန်း
အသိကန်းရေ ရင်ခုန်သံကြောင်း
ငါလုံးဝ မမြင်ခ
ပြောထွက်တေနင့် ပါးစက
ရရိုးချေရာလား --။
အပြစ်နာမည်တပ် နင်ရက်စက်ကေလေ့
အသစ်ရှာမက်လို့ ရင်ဖြတ်မမုန်းဝံ့ခသူ
နှလုံးသားက.၏ ရွီးထိုးရေ အချစ်အက္ခရာကို
အပြုံးကား မလှကေလေ့
အဆုံးချ ဇာတ်ဝင်ခန်းကို
နင်ပြောရေ ရရိုးချေအသုံးနန့်
အမျိုးတရာ အနာတိကိုဖန်ဆင်းယင်း
အလွမ်းညခင်းလို့
ဆုံတွိခရေနိ တချို့ကို
အတွေးတစနန့် မှန်းဆယင်း
ညညမှာ ပုံပြင်တပုဒ်အဖြစ်နန့်
ရင်နာဖူးရေ --။
ရရိုးချေပီးရေ အချစ်က
အဆိုးတမာအဖြစ်နန့်
ဖျောက်မရေ ဒဏ်ချက်ကို
မတောက်ပရေ ဝေဒနာကြားမှာ
ငါမဖြေသာကေလေ့
နှင့်အတွက်တော့ခါ ရရိုးရာ --။
(ငှက်ခါးမချေ)
ငါဆိုရေ အတ္တစိတ်
❤◦.¸¸. ◦✿
💬💬💬💬💬💬💬💬
ငါဆိုရေ အတ္တစိတ်နန်း
ကိုယ်မှန်ရာ ထင်ရာကိုစိုင်းလို့နိန်ခ
ဖေချာ ဟိတိုင်ထင်ရာစိုင်းကေ လူတိုင်ကကိုယ်စီအမှားနန်း
အမှန် တရားကိုမျက်ကွယ်ပြု ပြီ ကိုယ်ထင်ရာကို
ဇွတ်လုပ်နိန်ကေ ရင်နာရေ ဒေ ကမ္ဘာမြီကြီးမာ
ဘဝဆိုစွာ ဖေချာ တိုက်ပွဲလား...
ငါဆိုရေ အတ္တစိတ် မကင်းနိုင် သ၍
ငါကိုယ်တိုင်အမှားလုပ်မိန့်ဖို့ လူကိုလူချင်ချစ်တေစိတ်မဟိဘဲ
ဖေချာ ကိုမြင်ကေ အရူးအမူးဖြစ်နိန်ကတ်တေ
မာန်မာန တက်တေ ထင်ရာကိုလုပ်ဖို့
မှန်ရေလို့ထင်ခကေလဲ အမှန်ကိုသိရေခါ
ဝန်ခံဖို့ခက်ရေ လူတိုင်က အမှား ဝင်္ကန္တနန်း
ငါဆိုရေ အတ္တစိတ် လွန်ခကေ
အရာရာ က ဆုံးရူံးနစ်နာဖို့အသင်ရာ
လောက သစ္စာ ဆိုစွာ တဖြည်းဖြည်းနန်းပျောက်ကွယ်နိန်ရေ
တစ်ယောက်နန်းတစ်ယောက် အတ္တနန်းမာနာကိုပြိုင်ဆိုင်နိန်ကေ အေ ကမ္ဘာမြီကြီးက
ပျက်စီး နိန်ဗျာလ်......
ရင်နာနာနန်းရွီးမိန့်စွာပါ..(D.D.K)
Saturday, December 3, 2016
ရခိုင်သမိုင်းများ
.Date Date Kyal
ရခိုင်တေးခြင်း
https://my.pcloud.com/publink/show?code=kZh5BmZkGJOGy5qtTbiKAp5tAHWxhiAVpKX
ရခိုင် သမိုင်
(၁) ရခိုင်ရာဇ၀င်သစ်ကျမ်း(၁)
(၂) ရခိုင်ရာဇ၀င်သစ်ကျမ်း(၂)
(၃) ရခိုင်ရာဇ၀င်သစ်ကျမ်း(ဒုတိယတွဲ)
(၄) ရခိုင်သမိုင်းအလင်းပြကျမ်း
(၅) ရခိုင်ရာဇ၀င်သစ်ကျမ်း(ဒုတိယတွဲ-၂)
(၆) ရက္ခိုင်စကားပြင်ကျောက်စာတစ်ချပ်
(၇) ရခိုင်ရာဇ၀င်
(၈) နတ်သမီးသိုက်ရခိုင်ရာဇ၀င်
(၉) အင်းစောက်ရာဇ၀င်
(၁၀) ရခိုင်ရာဇ၀င်ယဉ်ကျေးမှုသမိုင်းနှင့်သုတေသီအတွေးအမြင်
(၁၁) ပီပြင်သောရခိုင်ဘုရင်များ၏ရာဇ၀င်
(၁၂) ဘူးသီးတောင်ဖြစ်စဉ်သမိုင်း
(၁၃) မင်းပြားတစ်ခွင်ကျိန်းတော်ရှင်
(၁၄) မြောက်ဦးမြို့နယ်ဖြစ်စဉ်သမိုင်း
(၁၅) မြောက်ဦးမြို့တော်
(၁၆) မင်းပြားမြို့နယ်ဖြစ်စဉ်သမိုင်း
(၁၇) ကျောက်ဖြူမြို့နယ်ဖြစ်စဉ်သမိုင်း
(၁၈) အ၀ကျွန်းသမိုင်း
(၁၉) ခြေတော်ရာကြီး၏သမိုင်း
(၂၀) ရခိုင်ရိုးရာစည်တော်ပေါ်ပေါက်လာရခြင်းအကြောင်း
(၂၁) ရခိုင်နိဒါန်း
(၂၂) မဟာကျန်မုနိငါးဆူ
(၂၃) ရခိုင်မြန်မာမင်းနှစ်ပါးတို့၏ရာဇသံ
(၂၄) ရခိုင်သမိုင်းဆိုင်ရာသုတေသနဆောင်းပါးပေါင်းချုပ်
(၂၅) ရခိုင်ရှေးဟောင်းမြို့တော်များ
(၂၆) ရခိုင်နှင့်ကုလားတို့၏သမိုင်းထဲမှစစ်ပွဲများ
(၂၇) လက်ဝဲသလုံးတော်ဓာတ်သမိုင်းနှင့်စစ်တွေအကြောင်း
(၂၈) လိုင်ရိုးတော်ဓာတ်သမိုင်း
(၂၉) ရခိုင်နိုင်ငံတော်ကျဆုံးခြင်း
(၃၀) ရခိုင်ရာဇ၀င်ကြီး
(၃၁) ရခိုင်မင်းသား
(၃၂) ALP သမိုင်း
(၃၃) သျှစ်သောင်းပုထိုးတော်ဆိုင်ရာဆောင်းပါးပေါင်းချုပ်
(၃၄) ရခိုင်ပြည်နယ်ရှိဆင်းထုတော်များလေ့လာချက်
(၃၅) သီရိသုတမရာဇာနန်းတက်ပွဲ
(၃၆) မြောက်ဦးခေတ်နှောင်းရခိုင်သမိုင်း(အေဒီ1638-1784)
(၃၇) သျှစ်သောင်းဘုရားသံထီးတော်ရခိုင်သံကျပ်ကြီး
(၃၈) ဆရာကြီးဦးဦးသာထွန်းနှင့်ဆွေးနွေးချက်များ
(၃၉) မြောက်ဦးခေတ်အစောပိုင်းနိုင်ငံရေးအခြေအနေ
တင်ရေသူ>> MYOCHAY
ဝန်ခံချက် ။ ကျွန်တော်၏ ဘလော့ တွင်ဖော်ပြထားသောအကြောင်းအရာများသည်
ကျွန်တော်၏ ကိုင်ပိုင်စိတ်ကူး ကိုင်ပိုင်အိုင်တီ နဲ့ ဖန်တီးထားတာ မဟုတ်ပါကြောင်း ...
ကျွန်တော်ရဲ့ ဘလော့ ဧည့်သည်များကိုအမြဲခင်မင်လျှက်ပါ။
ကျေးဇူးတင်ပါသည်
ရခိုင် ကဗျာ
Friday, December 2, 2016
အခုအချိန်မှာ ရခိုင်ပြည်အတွက်
အရေးကြီးသောအချိန်မို့-
ကိုယ့်မြို့အတွက်၊
ကိုယ့်ဆွေမျိုးအတွက်
တစ်ကွက်ကလေးကိုမကြည့်ပဲ-
ရခိုင်တစ်မျိုးသားလုံးအတွက်
အနစ်နာခံ ပေးဆပ်နေသော
ပြောရဲဆိုရဲရှိသော-
အစွမ်းအစ အပြည့်ရှိသော-
Dr-အေးမောင်(အခင်ကြီး)-
လွှတ်တော်ကိုတက်ရဖို့ အရေးကြီးပါတယ်။
ဒါကြောင့်
ဒါးလက်သူ ဒါးလက်သားများနဲ့
အမ်းမြို့နယ်သားများအားလုံး
အခင်ကြီးဦးအေးမောင်ကို ဝိုင်းရံပေးကြစေလိုပါတယ်။
ပြီးမှ ကိုယ့်မြို့နယ်အတွက် ပူးပေါင်းဆောင်ရွက်ကြပါမယ်။
အမ်းမြို့နယ်သား အားလုံးကို လေးစားလျက်
အမ်းမြို့နယ်သူ ဒေါ်အေးအေးမော်
Credit-Aye Aye Maw
http://q-arakansar.blogspot.com
_________________________
ဂျပန်နည်းပညာရှင်တွေရဲ့ထူးခြားတဲ့တီထွင်မှုက
ဗုဒ္ဓရဲ့ဟောကြားချက်ကို ကွက်ကွက်ကွင်းကွင်း
မြင်သာအောင် လက်တွေ့ကျကျ
ထုတ်ဖေါ်ပြသတဲ့သဘောလို့မြင်မိပါသည်။
ကိလေသာတဏှာ၏သဘောကို
မှန်ကန်စွာမသိမြင်သူများသည်
တပ်မက်မှု့တဏှာသည် သူတစ်ပါးကိုမှီပြီး
ထကြွသောင်းကြမ်းခြင်းကြောင့်
ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု
ဗဟိဒ္ဓအာရုံကိုညွှန်ပြပြောဆိုနေသည်မှာ
မှန်ကန်မှုမရှိကြောင်း
သက်သေပြခြင်းပင်ဖြစ်ပေ၏။
ဘုရားရှင်ဥပမာပြ၍ဟောကြားခဲ့သည့်
ခွေးအိုကြီးတစ်ကောင်ဆာလောင်မွတ်သိပ်၍
မြေကြီးအတွင်း ကာလကြာညောင်းမြုတ်နေသည့်
အသွေးအသားခမ်းခြောက်နေသောအမဲရိုးကို
တွေ့မြင် ဖော်ထုတ်ကာ အားပါးတရ ကိုက်ဝါးလေသော်
နဂိုရ်အနှစ်မရှိသော်လည်း မိမိသွားရည်ဖြင့်
လိမ်းကျံကာထွက်ပေါ်လာသည့်အနံ့ကိုမှီပြီး
မိမိကိလေသာနှင့်မိမိခံစားသည်ကို ထင်ရှားစေရန်
အမဲရီုးကိုစီလီကွန်အဖြစ်ပုံဖေါ်လိုက်ခြင်းဖြစ်ပေသည်။
ထိုနည်း၎င်းပင် စီလီကွန်အမဲရီုးဖြစ်စေ
လူသားခြင်းဖြစ်စေ မည်သူကမည်သူ့ကို
နှစ်သက်နေခြင်းမဟုတ်ဘဲ
ကိုယ့်ကိလေသာနှင့်ကိုယ်
နှစ်သက်နေခြင်းသာဖြစ်ကြောင်း
အကယ်၍ ကိုယ့်အလိုဆန္ဒမပြည့်ဝပါက
ဘယ်လောက်နှစ်သက်ပါသည်ပြောသော်လည်း
အိမ်ထောင်ရေးဖေါက်ပြန်မှု့
ကိုယ်ကျင့်တရားပျက်မှု့တို့
ပေါ်ပေါက်လာခြင်းဖြစ်ပေသည်ဟု
စီလီကွန်ပုံလေးကိုကြည့်ကာ
အတွေးဝင်မိလေ၏။ ။
ပြန်လည်မျှဝေခြင်းသာ
Bhaddanta Nanda Vamsa
ဦးဇင်းတစ်ပါးအတွက် ပုံ က မသင့်လျှော်ဘူးဆို
ရင် ပုံမကြည့်ဘဲ စာသာ ဖတ်သွားပါ ။
စိတ်ကောင်းရှိသော သူသည်
အကောင်းကိုပဲ မြင်တတ်၏။
http://q-arakansar.blogspot.com
Thursday, December 1, 2016
▬▬▬▬▬▬▬▬▬
Every night in my dreams
ညစဉ် ညတိုင်း ငါ့အိပ်မက်ထဲမှာ
I see you, I feel you🎼🎺🎻🎤🎹💿
မင်းကိုမြင်ပြီး ထိတွေ့ခံစားရတယ်
That is how I know you go on.
ဒါ့ကြောင့် မင်းရှင်သန်နေတယ်ဆိုတာ ငါသိတာပေါ့
Far across the distance
And spaces between us
မင်းနဲ့ငါကြားက ကာလ၊ ဒေသ၊ အကွာအဝေးတွေဖြတ်သန်းပြီး
You have come to show you go on
မင်းဆက်လက်ရှင်သန်ဆဲဆိုတာပြဖို့ ငါ့ဆီလာခဲ့ပြီ
Near...
နီးနီးလေးဖြစ်ဖြစ်
Far...
အဝေးကြီးမှာဖြစ်ဖြစ်
Wherever you are
မင်းဘယ်ဆီရောက်ရောက်
I believe that the heart does go on
မင်းရှင်သန်နေမယ်ဆိုတာ ငါသိတယ်
Once more...
နောက်ထပ်တစ်ကြိမ်
You open the door
ငါ့နှလုံးသားတံခါးကို မင်းဖွင့်လိုက်ပြန်ပေါ့
And you're here in my heart
ငါ့နှလုံးသားထဲ မင်းရောက်လာပြန်ပကော
And my heart will go on and on
ငါ့နှလုံးသား ဆက်ပြီးရှင်သန်နေဦးမှာပါ
Love can touch us one time
အချစ်ဆိုတာ ဒို့နှစ်ဦးအတွက် နောက်ထပ်တစ်ကြိမ်ရောက်လာနိုင်ပါသေးတယ်
And last for a lifetime
တစ်သက်တာ ထာဝရအတွက်ပေါ့
And never let go till we're gone
ဒို့နှစ်ယောက်စလုံး ခန္ဓာမကြွေမပျက်သေးသ၍ ငါတို့ရဲ့အချစ်ကို ဝေးလွင့်ပျောက်ကွယ်ခွင့်မပေးချင်ဘူး
Love was when I loved you
ငါမင်းကိုချစ်ခဲ့ကတည်းက အချစ်ဆိုတာ ဖြစ်တည်ခဲ့ပြီးသားလေ
One true time I hold to
အဲဒီမေတ္တာတရားဖြစ်တည်ခဲ့တဲ့အချိန်ကို ငါဆုပ်ကိုင်ထားသပေါ့
In my life we'll always go on
ဘဝမှာ ဒို့နှစ်ယောက် အမြဲတမ်းရှင်သန်နေမှာပါ
Near...
နီးနီးလေးဖြစ်ဖြစ်
Far...
အဝေးကြီးမှာဖြစ်ဖြစ်
Wherever you are
မင်းဘယ်ဆီရောက်ရောက်
I believe that
The heart does go on
မင်းရှင်သန်နေမယ်ဆိုတာ ငါသိတယ်
Once more...🎼🎺🎻🎤🎹💿
နောက်ထပ်တစ်ကြိမ်
You open the door
ငါ့နှလုံးသားတံခါးကို မင်းဖွင့်လိုက်ပြန်ပေါ့
And you're here in my heart
ငါ့နှလုံးသားထဲ မင်းရောက်လာပြန်ပကော
And my heart will go on and on
ငါ့နှလုံးသား ဆက်ပြီးရှင်သန်နေဦးမှာပါ
You're here
ငါ့နှလုံးသားထဲမှာ မင်းရှိနေမှတော့
There's nothing I fear
ငါ ဘာကိုကြောက်နေရဦးမှာလဲ
And I know that
My heart will go on
ငါ့နှလုံးသားတွေ ဆက်ပြီးရှင်သန်နေဦးမှာ ငါသိပါတယ်
We'll stay
Forever this way
ဒီပုံစံမျိုးနဲ့ ငါတို့ထာဝရ ရှင်သန်သွားကြမယ်
You are safe in my heart
မင်းက ငါ့ရင်ခွင်မှာ နွေးထွေးလုံခြုံနေမှတော့
And my heart will go on and on
ငါ့နှလုံးသားလည်း ဆက်လက်ရှင်သန်နေမှာပေါ့
Songwriter(s): Will Jennings
Date Date Ktal